Friday, May 4, 2012

ဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ- အပိုင်း ၂




၂) MRTV 4 ၏ တိုက်ရိုက်ထုတ်လွှင့်မှုများအတွက် ဆင်ဆာ ဖြတ်တောက်မှု သက်သာခွင့် ပေးထားခြင်း။
လုပ်ငန်းကြီးကြီး လုပ်ကိုင်လိုသူများ တပါးသူထက် နှာတဖျားသာပါက သက်ဆိုင်ရာ ဝန်ကြီး၊ ညွှန်ချုပ်တို့ကို ကိုယ့်အိတ်ထဲ ထည့်ထားလျှင် လုပ်ငန်းအဆင်ပြေသည်ဟူသော ဖော်မြူလာ ဖြစ်သည်။ ဝန်ကြီးဦးကျော်ဆန်းက ရှယ်ယာရ (ဆက်ကြေး ပုံမှန်ရ) သဖြင့် FOREVER အား ရုပ်သံလုပ်ငန်းကြီး လုပ်ပိုင်ခွင့်ကို ပေးထားရုံသာမက FOREVER ၏ မီဒီယာကြီးအား ဆင်ဆာဖြတ်ခြင်းနှင့် ပတ်သက်ပြီး သက်သာခွင့် ပေးထားခြင်း ဖြစ်သည်။


၃) FOREVER ကုမ္ပဏီက ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးသွင်းရမည့် နိုင်ငံခြားငွေ ဒေါ်လာ (၃) သန်းနှင့် မြန်မာကျပ်ငွေ သိန်းသောင်းဂဏန်းကို တောင်းခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပေးထားခြင်း။

ဤသို့ ကင်းလွတ်ခွင့်အတွက် ကုမ္ပဏီ နှင့် ဝန်ကြီးအား မည်သို့ သဘောတူညီချက် ရထားသည်ကို မသိရပေ။

 ၄) MOVIE 5 CHANNAL ထုတ်လွှင့်ခွင့်နှင့် ကြော်ငြာလုပ်ငန်းကို ဝန်ကြီး ဦးကျော်ဆန်း၏ သမီးဖြစ်သူက ဦးစီး ဆောင်ရွက်လျက်ရှိပြီး တစ်လလျှင် အမြတ်ငွေ သိန်း ၆ဝဝ ခန့် ရရှိနေခြင်း။
သမီးဖြစ်သူ၏ ရုံးခန်းနှင့် ကြော်ငြာ ရုံးခန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲရှိ ရှေးဟောင်းသုတေသနရုံး၏ တစ်ဝက်ခန့်ကို နေရာယူ၍ ဆောင်ရွက်လျက်ရှိခြင်း။
ရှေးဟောင်းသုတေသနဌာနသည် ဦးကျော်ဆန်း တာဝန်ယူရသော ယဉ်ကျေးမှုဝန်ကြီးဌာန၏ လက်အောက်ခံ ဖြစ်သည်။ MOVIE 5 သည် FOREVER ကုမ္ပဏီ၏ ရုပ်သံလုပ်ငန်း ဖြစ်သည်။ ထို့ကြောင့် ထိုကုမ္ပဏီသည် ဝန်ကြီး ဦးကျော်ဆန်း၏ မိသားစုလုပ်ငန်းကြီးတခု ဖြစ်လာသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အရာရှိများ၊ ဝန်ထမ်းများသည်လည်း တခါတရံ ထိုကုမ္ပဏီအရာရှိများ၏ ညွှန်ကြားမှုအောက်သို့ ရောက်နေတတ်သည်။

၅) SKY NET ရုပ်သံ လုပ်ငန်း ထံမှလည်း အမြတ်ငွေ၏ ၂၅% ခန့်ကို ရရှိနေခြင်း။
လုပ်ငန်း အဆင်ပြေရေးအတွက် ဝန်ကြီးကို အိတ်ထဲ ထည့်ခြင်း ဟူသော ဖော်မြူလာကို ရွှေသံလွင် ကုမ္ပဏီကလည်း ကျင့်သုံးလျက်ရှိရာ ဝန်ကြီး ဦးကျော်ဆန်းက အမည်ခံပေးရုံ သက်သက်ဖြင့် SKY NET ၏ ဝင်ငွေ လေးပုံတပုံကို အလိုအလျောက် ရနေသည်။
လုပ်ပိုင်ခွင့်အာဏာကို စနစ်တကျ တလွဲ အသုံးချသည့် ဝန်ကြီးလည်း ဝင်ငွေ အလွန်ကောင်းသော လုပ်ငန်းရှင်ကြီး ဖြစ်လာသည်။

ဤသို့ဖြင့် မြန်မာပြည်၏ အခပေး ရုပ်သံလိုင်း ဈေးကွက်သို့ ဝင်ရောက်လိုသူများအတွက် ဝန်ကြီး ဦးကျော်ဆန်းသည် လုပ်ထုံးလုပ်နည်းအရ မဖြစ်မနေ ညှိနှိုင်းရမည့် အစိုးရခေါင်းဆောင်တဦး ဖြစ်နေပြီး တဘက်တွင်လည်း ရှယ်ယာ တနင့်တပိုး ပေးရမည့် လုပ်ငန်းရှင်ဝန်ကြီး ဖြစ်နေသည်။

Clean Government ဟု အသံကျယ်ကျယ် ကြွေးကြော်ထားသည့် အစိုးရအဖွဲ့တွင် ထိပ်တန်း ပုဂ္ဂိုလ်တဦးဖြစ်နေသူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ- အပိုင်း ၃ ကို ဆက်လက် ဖော်ပြပါမည်။

No comments:

Post a Comment