Saturday, May 5, 2012

ဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ- အပိုင်း ၃




၆) ရန်ကုန်နှင့် မန္တလေးမြို့များရှိ အမျိုးသားကဇာတ်ရုံများကို FOREVER ကုမ္ပဏီသို့ နှစ် (၃ဝ) ငှားရမ်းခွင့် ရရှိရေးအား ဝန်ကြီးက ကြပ်မတ် ဆောင်ရွက်ပေးခြင်း။
ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် FOREVER တို့ အသက်သာဆုံးဈေးနှုန်းဖြင့် စာချုပ် ချုပ်နိုင်ရေးအတွက် အရှိန်အဝါသုံး ဆောင်ရွက်ခြင်း။


၇) ဝန်ကြီးအရှိန်အဝါသုံးပြီး သားဖြစ်သူ၏ ဥပဒေမဲ့ ဆောင်ရွက်ချက်များအား အကာအကွယ် ပေးခြင်း။
ဝန်ကြီး၏သားဖြစ်သူသည် ယခင် တပ်မတော်ထောက်လှမ်းရေး ဗိုလ်မှူးချုပ် မြင့်ဇော်၏ သမီးဖြစ်သူနှင့် လက်ထပ်ပေါင်းသင်းခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ထောက်လှမ်းရေးအဖွဲ့များ ပြဿနာတက်ချိန်တွင် သူ၏သားအား အိမ်ထောင်ဘက်နှင့် အတင်း ကွာရှင်း ခိုင်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ် မျက်နှာလုပ်ခဲ့သည်။

ယခုအခါ ဝန်ကြီး၏သားဖြစ်သူသည် စိတ်ကြွဆေး အပါအဝင် မူးယစ်ဆေးဝါးစွဲနေပြီး အရောင်းအဝယ်ပင် ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှု၊ စစ်ဆေးမှုများ မကြာခဏခံရသော်လည်း ဝန်ကြီး၏ အရှိန်အဝါ နှင့် ဖိအားပေးမှုကြောင့် ဥပဒေအရအရေးယူခြင်းမခံရဘဲ စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျက် ရှိနေသည်။

၈) ပြည်ပသွင်းကုန် လုပ်ပိုင်ခွင့်မှ ကော်မရှင်ခ ရယူခြင်း။
ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်ပသွင်းကုန်များအား FOREVER ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးဝင်းမော်နှင့်အဖွဲ့ကိုသာ လုပ်ပိုင်ခွင့်ပေးထားသည်။ အကျိုးအမြတ် များပြားသော ထိုလုပ်ငန်းအတွက် FOREVER က ဝန်ကြီး ဦးကျော်ဆန်းအား ကော်မရှင်ခ အများအပြား ရခဲ့သည်ဟု သိရှိရသည်။
 

ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ လာဘ်ပေးလာဘ်ယူ ကိစ္စများကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အကျင့်ပျက်ချစားမှုများ၊ အဂတိလိုက်စားမှုများကို Myanmar Whistleblower တွင် ဆက်လက် ဖော်ပြသွားပါမည်။

No comments:

Post a Comment